Wednesday, August 29, 2012

Android ဖုန်းများမှာ Message ပို့လို့မရသူများအတွက်

Android ဖုန်းများမှာ Message ပို့မရသူများအတွက်ပါ။

Android ဖုန်းများမှာ Message Centre ကို အလွယ်တကူပြောင်းလို့ မရလို့  အခက်တွေ့ နေသူများ
ဆိုင်သွားပြတော့လည်း Version ကြောင့်/ဘာကြောင့် ဆိုပြီး လုပ်မရဘူးလို့ ပြောလိုက်လို့  စိတ်ညစ်နေကြရသူများအတွက်
1။ဖုန်း ရဲ့ ဖုန်းခေါ်ဆိုတဲ့ နေရာကိုသွားပါ။
2။ပြီးရင် [*#*#4636#*#*] ကို ရိုက်လိုက်ပါ။ Andriod တိုင်းလိုလိုမှာ ရပါတယ်။
3။Information ကြည့်တဲ့ နေရာ ( System ပိုင်းဆိုင်ရာပြုပြင်လိုသူများအတွက်) ပေါ်လာပါလိမ့်မယ်

4။Phone Information ထဲကို ၀င်လိုက်ပါ။
5။ပြီးရင် အောက်မှာ ရှိတဲ့ SMSC အကွက်မှာ လောလောဆယ် အလွတ် ဖြစ်နေပါလိမ့်မယ်။ ဘေးက Refresh Icon ကို နှိပ်လိုက်ပါ။
ဒါဆို လက်ရှိ SMS Centre ရဲ့ လိပ်စာ ပေါ်ပါမယ်။
6။အဲဒီမှာ လိုသလိုပြောင်းနိုင်ပါတယ်။ပြီးရင် Update လုပ်လိုက်ပါ။

မှတ်ချက်။ ။အချို့ သော GSM များသည် ယခင် Message Centre No. +9595910003 ဖြစ်နေပြီး Message ပို့ မရဘဲ အ၀င်သာရသည့်ဖြစ်ရပ်များ ရှိနေပါသည်။ ၄င်းကို +9595930003 ဟု ပြောင်းပေးလိုက်ပါ။

No comments:

Post a Comment